တစ်ဘဝစာအတွက် သင်ခန်းစာယူသင့်တယ်လို့ထင်ပါတယ်....
တစ်ရက်မှ ဆရာမလုပ်သူက ကျောက်သင်ပုန်းပေါ်မှာ ၉ အလီကို ချရေးလိုက်တယ်..
၉×၁=၇
၉×၂=၁၈
၉×၃=၂၇
၉×၄=၃၆
၉×၅=၄၅
၉×၆=၅၄
၉×၇=၆၃
၉×၈=၇၂
၉×၉=၈၁
၉×၁၀=၉၀
ရေးလည်းပြီးရော ဆရာမက ကျောင်းသား/သူလေးတွေကိုကြည့်လိုက်တယ်၊သူတို့ ဆရာမကို ဝိုင်းလှောင်ကြတယ်
ဟားတိုက်ရယ်မောကြတယ်၊ဝေဖန်ကဲ့ရဲ့ကြတယ်
ဘာဖြစ်လို့လဲဆိုတော့ ပထမဆုံး ၉ အလီက
မှားနေလို့ပါ
အဲ့ဒီမှာ ဆရာမလုပ်သူက အခုလို ပြောပါတယ်..
တပည့်တို့ ဆရာမက ပထမဆုံး အလီကို
ရည်ရွယ်ချက်ရှိရှိနဲ့ တမင်မှားအောင်ရေးခဲ့တာပဲ
ဘာဖြစ်လို့လဲဆိုတော့ ငါ့တပည့်တွေကို
သိပ်အရေးကြီးတဲ့ သင်ခန်းစာတစ်ခု ပေးချင်လို့ပါ..
အဲ့ဒါဘာလဲဆိုတော့ တစ်နေ့မှာ ပြင်ပကမ္ဘကြီးကနေ
တပည့်တို့ကို ဘယ်လိုပြုမူဆက်ဆံမယ်ဆိုတာ
အခုသင်ခန်းစာလေးကနေ တပည့်တို့ သိနိုင်ပါတယ်.
ဆရာမ ကိုးနှစ်လီကနေ ကိုးဆယ်လီအထိ
မှန်အောင်ရေးနိုင်ပါတယ် ဒါပေမဲ့ ငါ့တပည့်တို့
ဆရာမကို အဲ့ဒီအတွက် အသိအမှတ်မပြုပါဘူး
ငါ့တပည့်တွေက ဆရာမမှားသွားတဲ့ တစ်ကြိမ်ကိုပဲ
လှောင်ပြောင်ရယ်မောကြပါတယ်
ဆရာမမှားသွားတဲ့ တစ်ကြိမ်တည်းကိုပဲ
ဝိုင်းဝန်းဝေဖန်ထိုးနှက်ကြပါတယ်..
ဒါဟာ ငါ့တပည့်တွေအတွက် သင်ခန်းစာပါပဲ
ကမ္ဘာကြီးက ငါ့တပည့်တွေ အကြိမ်များစွာပြုလုပ်ခဲ့တဲ့
ကောင်းတဲ့ကိစ္စ မှန်သမျှကို ချီးကျူးဂုဏ်ပြုဖို့
မသိကျိုးကျွံ ပြုနေနိုင်သော်လည်း..
ငါ့တပည့်တွေ တစ်ကြိမ်ပဲ
ပြုလုပ်ဖူးတဲ့ မကောင်းတဲ့ကိစ္စတစ်ခုကိုတော့
ဝိုင်းဝန်းဝေဖန်ထိုးနှက်ဖို့ အစဉ်အမြဲ
အသင့်ရှိနေကြတယ်ဆိုတာကိုပါ...
Credit:#Suonwon.