၂၅ ငါးနှစ်​အတွင်းအကြီးဆုံးမုန်​တိုင်း ဂျပန်​မှာဝင်​သွားတယ်​ ။ ဂျပန်​​တွေဘာလုပ်​ကြလဲ ??? ဂျပန်​မှာ အလုပ်​လုပ်​​နေတဲ့ bro kaung satt hein မျက်​မြင်​​တွေ့ခဲ့ရတာ​လေး ထပ်​ဆင့်​ Share ချင်​ပါတယ်​ ။ 👉🏻 ဒီနေ့ဂျပန်မှာကြုံရတာလေး 👈🏻 မုန်တိုင်းရှိတယ်ဆိုလို့ အလုပ်လဲမသွားရ ဘယ်မှလဲ မထွက်ဖြစ်ဘူး အိမ်မှာပဲ နေနေရင်းနဲ့ပဲ နေ့လည် ၁ - နာရီလောက်ရောက်တော့ မိုးစရွာပါလေရော အဲ့လိုနဲ့ အတော်လေးကြာတော့ မုန်တိုင်းစနေတယ်ဆိုတော့ ကိုယ်တွေလဲ မကြုံဖူးတော့ ဝရံတာဘက်လေးထွက်ကြည့်မိပြီး Live တောင်လွှင့်လိုက်မိသေးတယ် (ရွာသား😜)ခဏနေတော့ အပြင်ဘက်မှာ ရှော့ခ်တွေဖြစ် ဓာတ်ကြိုးတွေပြတ်နဲ့ အိမ်မှာလဲ မီးတွေပျက်ပါလေရော !!! ဒီအတိုင်းပဲပေါ့ ဘာလုပ်မှာလဲ အိပ်နေတာပေါ့ အထဲပြန်ဝင်ပြီး 😬 !! အဲ့လိုနဲ့ ၅ - နာရီ လောက်ကျတော့ တစ်ယောက်က ဟျောင့်တွေ အပြင်မှာ သန့်ရှင်းရေးတွေ လုပ်နေကြတယ်တဲ့ !!! အဲ့မှာ ကိုယ်ထင်လိုက်တယ် 😎 ဪ.. သူတို့ဆီက စည်ပင်ဝန်ထမ်းတွေ အလုပ်တော့တစ်ကယ်လုပ်ကြသားပဲပေါ့ 👍!!!!😁 ခဏနေတော့ ဝရံတာဘက် ထွက်ကြည့်လိုက်တယ် .. 😱လားလားး 😱 အထင်နဲ့အမြင် တက်တက်စင်ပဲဗျို့😖 ... !! ကိုယ်ထင်တာက စည်ပင်လိုမျိုး အစိုးရအဖွဲ့အစည်းတစ်ခုခု က သန့်ရှင်းရေးလုပ်နေကြတယ်ပေါ့ ဘယ်ဟုတ်လိမ့်မလဲ ပတ်ဝန်းကျင် ဘေးနားအိမ်က လူတွေ(ဂျပန်တွေ) သူတို့နေတဲ့ လမ်း 🛣 သူတို့နေတဲ့ အိမ် 🏡 သူတို့နေတဲ့ ပတ်ဝန်းကျင် 🏘 (ကိုယ်တွေ အခုနေနေတဲ့ အိမ်ရှေ့ပါမကျန်) ကို သူတို့ကိုယ်တိုင် သန့်ရှင်းရေးလုပ်နေကြတယ်ဗျာ!!! ကိုယ်တွေလဲ ဘယ်နေနိုင်ပါတော့မလဲ (လူ .. ဗျ လူ .. လူ ) 😬 အပြင်ထွက်ပြီး ဝိုင်းဝန်းကူညီရတော့တာပေါ့ (သူတို့က လာပြီးကူညီလှည့်ပါမပြောဘူးနော်) အဲ့မှာကို ကိုယ်တွေ ထပ်တွေးလိုက်မိသေးတယ် သူတို့ကို ဘယ်သူကများ ခိုင်းတာလဲပေါ့ ?? ကျွန်တော်ထပ်မှားတယ်ဗျ !!!😁 သူတို့ကို .... 🔸ဘယ်သူ 🔸ဘယ်အစိုးရ 🔸ဘယ်အဖွဲ့အစည်း ကမှ မုန်တိုင်းပြီးတာနဲ့ သန့်ရှင်းရေးလုပ်ကြပါလို့ ခိုင်းထားတာမရှိဘူးဗျ!! သူတို့ အသိစိတ်ဓာတ်နဲ့ကို သူတို့လုပ်ကြတာ !!!! ကလေး 👼🏻က အစ လူကြီးအဆုံးနော် !!! ကလေးတွေကို အန္တရာယ်ရှိတယ် အိမ်ထဲဝင်နေလို့ပြောတာတောင် တံမြက်စည်းနဲ့ ဂေါ်ပြားကိုင်ပြီးထွက်လာတယ်ဗျာ ကလေး 👼🏻က 😱 (ကိုယ်နားလည်လိုက်သလောက်လေး😜)အဲ့မှာ မဆီမဆိုင် ကိုယ့်နိုင်ငံ အကြောင်းကို တွေးမိပြန်တယ် ငါတို့ဆီမှာသာဆိုရင် .....ဆိုပြီးး!!!! ( ကြက်သီးတွေတောင်ထတယ်ဗျာ... ) 😬😬😬 စည်ပင်လာလုပ်လိမ့်မယ် !!😆 နောက်နေ့အထိ စည်ပင်ဦးဦးတို့ မအားလို့ လာမလုပ်သေးဘူးမလား (ဘာလုပ်မလဲ??) အပြစ်တွေတင်ပြီး ကြည့်နေကြမှာပဲ (လာမရှင်းမချင်း)😎...!!! ⛈မိုးကြီးလို့ ရေများများစီးကြည့်ပါလား အိမ်မှာရှိတဲ့ အမှိုက်တောင် ထွက်မျှောချလိုက်ကြသေးတယ် ရေစီးကြောင်းအတိုင်း 😄😄 !!! ကိုယ်နေတဲ့ အိမ်ရှေ့ ကွက်ကွက်လေးကို ရှင်းလင်းတာလောက်တော့ထည့်မရေးတော့ဘူးး 😁✌🏻 (ထားပါတော့!!) ၂ 😁 အဲ့မှာ သူတို့ကတော့ ဒီတစ်နေရာပြီးရင် နောက်နေရာတွေ ဆက်ရှင်းဖို့ပြောပြီး လုပ်ကြရင်း !!! ကိုယ်တွေတစ်သိုက်ကလည်း ငါတို့ဆီမှာသာ ဒလိုဖြစ်ရင်ဆိုပြီး 😎 လေကြီးလေကျယ်တွေ ပြောပြီးယောင်ကြရင်းး !!! 😄.... ကျွန်တော်ကိုယ်တိုင်လဲ ဆက်မှားနေရင်းးးး .........!!!! ကိုယ့်နိုင်ငံမှာလည်း ....!!! 🔹တစ်ယောက်နဲ့တစ်ယောက် 🔹တစ်ဖက်နဲ့တစ်ဖက် 🔹 တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန် အပြစ်တွေတင်နေကြရင်းး....!!! 😔 ဘယ်အချိန် 😱 ထပြီးများ စင်ကာပူ ထက် သာသွားမလဲ ဆိုတာစောင့်ရင်းးးးး !!!😆😆 👉🏻 #KS